တရားတော်အမှတ်စဉ် (၃)
∆∆ခန္ဓာငါးပါးဖွဲ့ခြင်း ( နာမရူပပရိစ္ဆေဒဉာဏ်)∆∆
၁။ရုပ်၏ သဘာဝနာမ်၏ သဘာဝ တရားတွေကို မိမိ၏ ဉာဏ်ထဲမှာပိုင်းပိုင်း ခြားခြား သိထားပြီဆိုလျှင် ဒီတစ်ဆင့်ကတော့ ခန္ဓာငါးပါး ဖွဲ့တဲ့အဆင့်ပဲဖြစ်ပါတယ်။ မိမိရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ယားတာ စသည်ဖြင့် ဖောက်ပြန်မှု
တွေဟာ ဓာတ်ကြီးလေးပါးေတွဖောက်ပြန်လို့ဆိုတဲ့ အသိဉာဏ်
(ရူပပရိစ္ဆေဒဉာဏ်)ကိုလည်းပိုင်ပြီ။ ဒီလိုနာကျင်ကိုက်ခဲမှုတွေအပေါ်နာမ်လေး လိုက်ညွှတ်ပြီးခံစား၊ မှတ်သား၊ ပြုပြင်စေ့ဆော်၊သိမှုဆိုတဲ့ နာမ်ခန္ဓာ လေးပါးအလုပ်လုပ်ပုံတွေကိုလည်းရှုမှတ်
တတ်ပြီဆိုလျှင် ယခုအဆင့်ကတော့ ခန္ဓာငါးပါးဖွဲ့တဲ့ အဆင့်ပါ။
ဒီအဆင့်မှာ အရေးကြီးတဲ့အချက် ကိုပြောပါ့မယ်။
၁။မြတ်စွာဘုရားကဘာကိုဟောထားခဲ့သလဲဆိုလျှင် နာမ်တရားလေးပါးဟာ ဘယ်သူ့ကိုမှီပြီးဖြစ်ရတာလဲဆိုတဲ့အချက် ပါပဲ။ နာမ်တရား (စိတ်) ဆိုတာ ရုပ်ကို မှီပြီးတော့မှ ဖြစ်ရတယ်ဆို
တာပါပဲ။ ဒီအချက်ကတော့ အရေးကြီးတဲ့အတွက် ယုံယုံကြည်ကြည်နဲ့လက်ခံဖို့လိုပါတယ်။ နာမ်တရားလေးဟာရုပ်ကိုမှီပြီးဖြစ်ရတယ်ဆိုတာ လက်တွေ့ ရှုမှတ်ရင်း ခန္ဓာငါးပါးဖွဲ့ကြရအောင်ပါ။
∆∆မိမိ၏ခန္ဓာတွင် ခန္ဓာငါးပါးဖွဲ့ပံုကိုလေ့လာရှုမှတ်ကြရအောင်∆∆
၃။ မိမိခန္ဓာကိုယ်ကို ရှုမှတ်လို့ သမာဓိတည်နေချိန်မှာ ခန္ဓာမှာဘာဝေဒနာမှ မပေါ်သေးဘူးဆိုလျှင် (ဥပမာ) နာတယ်လို့မပေါ်လျှင် နာတယ်ဆိုတဲ့ သိစိတ်မပေါ်ပါဘူး။ ကျင်တယ်လို့မပေါ်လို့
ကျင်တယ် ဆိုတဲ့သိစိတ်မပေါ်ပါဘူး။ ကိုက်တယ်၊ ယားတယ်၊ မွမွရွရွဖြစ်တယ် စတဲ့ ဖောက်ပြန်မှုတွေမပေါ်ဘူးဆိုလျှင် ကိုက်တယ်လို့သိတဲ့စိတ်၊ ယားတယ်လို့သိတဲ့စိတ်၊ မွမွရွရွဖြစ်တယ်လို့သိတဲ့စိတ်မပေါ်ပါဘူး။ ဒီလိုသိဖို့အရေးကြီးပါတယ်။
၄။ ကြာကြာထိုင်လာတဲ့အခါ ခန္ဓာရဲ့တစ်နေရာမှာ နာတဲ့ဝေဒနာ လေးပေါ်လာပါလိမ့်မယ်။ နာတယ်ဆိုတာက ပညတ်အသိပါ။ ပရမတ်အသိကတော့ ဓါတ်ကြီးလေးပါး ဖောက်ပြန်တာပါ။ နာတယ်ဆိုတဲ့ဓာတ်ကြီးလေးပါးလည်းဖောက်ပြန်လိုက်ရောနာမ်လေးကသွား ညွှတ်ပြီး၊ ခံစားမှုအလုပ်၊ မှတ်သားမှုအလုပ်၊ပြုပြင်စေ့ဆော်တဲ့ အလုပ်၊ သိမှုအလုပ်တွေကို သွားလုပ်ပါတယ်။
ရုပ်ကဖောက်ပြန်ပြလို့ နာမ်ကအလုပ်လုပ်တဲ့ သဘောဖြစ်တဲ့အတွက် နာမ်ဟာရုပ်ကိုမှီပြီး ဖြစ်ရတယ်ဆိုတဲ့ ဘုရားဟောကိုသေချာစွာသိမှရမှာဖြစ်ပါတယ်။ ဒီလိုရုပ်ဖောက်ပြန်မှုအပေါ်
နာမ်တရားလေးက အလုပ်လုပ်နေတဲ့အတွက် ရုပ်တရားရယ် နာမ်ခန္ဓာလေးပါးရယ်ပေါင်းစပ်ပြီး ရှုနေတာ ဖြစ်တဲ့အတွက် ခန္ဓာငါးပါး(ရုပ်နာမ်ခန္ဓာလေးပါး) လေးဖွဲ့လိုက်တာဖြစ်ပါတယ်။ ဒါဆိုရင်မှာတယ်လို့သိလိုက်တာဟာ နောငါပါးကျင်တယ်လို့ သိလိုက်ရင်လည်း ခန္ဓာငါးပါး ကိုက်တယ်ဆိုလည်း ခန္ဓာငါးပါးဖွဲ့လိုက်တာပဲဖြစ်ပါတယ်။
၅။ ပိုရှင်းသွားအောင် ထိုကျင်တဲ့ဝေဒနာလေးကို မှတ်ကြည့်ရအောင်၊ ခန္ဓာမှာထုံကျင်တယ်ဆိုတဲ့ ဓါတ်ကြီးလေး
ပါဆိုတဲ့ရုပ်ကလည်း ဖောက်ပြန်လိုက်ရော နာမ်ကသွားညွတ်ပြီးခံစားမှုအလုပ်၊ မှတ်သားမှုအလုပ်၊ ပြုပြင်စေ့ဆော်တဲ့အလုပ်၊ သိမှုအလုပ်တွေလုပ်တဲ့အတွက် ထိုင်တဲ့ရုပ်ဖောက်ပြန်မှုအပေါ် နာမ်ခန္ဓာလေးပါ၊ သူ့အလုပ်သူလုပ်နေတာကို ပေါင်းလိုက်ရင် ခန္ဓာ
ငါးပါးဖြစ်သွားတာပါ။ တယ်လို့သိတဲ့အသိလေးဟာ ခန္ဓာ ငါးပါးပါ။
၆။ ကိုယ်တိုင်ကျင့်မှ ခန္ဓာငါးပါးဖြစ်တယ်ဆိုတာ ဒါကိုပြောတာပါလားလို့ဉာဏ်နဲ့ သိလာမှာဖြစ်ပါတယ်။ ခန္ဓာငါးပါးကိုမြင်မှဘုရားကခန္ဓာငါးပါးထဲမှာတရားရှာရမယ်လို့ ဟောထားခြင်းဖြစ်ပါတယ်။ ခန္ဓာငါးပါးမှန်းမသိဘဲ ရုပ်နာမ်ဆိုပြီး လုံး ချပြီးတရား ရှာလို့
မရပါဘူး။ အများအားဖြင့် တရားရှုမှတ် နေကြတာက ရုပ်ဆိုတာဓါတ်ကြီးလေးပါးမှန်းမသိတဲ့အတွက် (ဥပမာ) နာတာကြီးကိုရုပ်ဆိုပြီး နာတဲ့ပညတ်ကို ကိုင်နေကြပါတယ်။ နာတာကြီးကတိုး
လိုက်လျော့လိုက်ဖြစ်နေတာကို မြဲသလား၊ မမြဲဘူးလား။ မမြဲတာက အနိစ္စဆိုပြီး လက္ခဏာတင်ပြီးရှုနေကြတာပါ။ နာတဲ့ပညတ်ကြီးကို လက္ခဏာတင်ရှုနေတာမို့မှားယွင်းနေတာကို ထောက်ပြတာဖြစ်ပါ တယ်။ ပညတ်ကြီးကိုသွားစွဲမှုနေမှာစိုးတဲ့အတွက် ဥပမာနဲ့ နှိုင်းယှဉ် ပြခြင်းဖြစ်ပါတယ်။
၇။ခန္ဓာငါးပါးဖွဲ့ပုံကို တကယ်လက်တွေ့ရှုမှတ်မှသာ ဉာဏ်ထဲ မှာ ဇဝေဇဝါတွေ၊ သံသယတွေ၊ ဝီစိကိစ္စတွေစင်မှာဖြစ်ပြီး ရှင်းရှင်း လင်းလင်းနှင့်မိမိဉာဏ်ကသဘောပေါက်မှ တကယ်သဘောပေါက် တာပါ။ ဒါမှလည်း တကယ့်ခန္ဓာဉာဏ်ရောက်အသိဖြစ်တာပါ။ အပေါ်ယံဆင်ခြင်ပြီး သိတဲ့အသိကတော့ သုတအသိလောက် ပါပဲ။ သုတအသိလောက်နဲ့ပဲ လမ်းမဆုံးစေချင်ပါ။ ခန္ဓာဉာဏ် ရောက်အသိကသာ ဘာဝနာအသိဖြစ်ပါတယ်။ ခန္ဓာငါးပါးဖွဲ့ပုံကို လေ့လာရှုမှတ် ပြီးလျှင် ခန္ဓာငါးပါးရဲ့ သဘာဝတရားကိုဆက်ပြီး လေ့လာစမ်းစစ် ကြည့်ကြရအောင်ပါ။
– ခန္ဓာင်းပါးရဲ့သဘာဝတရားကိုလေ့လာစမ်းစစ်ပြီးမှတ်ကြရအောင်
၈။နာတယ်လို့ သိရင် ခန္ဓာငါးပါးဖောက်ပြန်တာ၊ ကျဉ်တယ် လို့ သိတာသည်ခန္ဓာငါးပါးဖောက်ပြန်တာ၊ ယားတယ်လို့ သိရင် လည်း ခန္ဓာငါးပါးဖောက်ပြန်တာလို့ဉာဏ်ကို ထပ်တိုးပြီး သိရပါမယ်။ နာတာလေးကို ခံစားပြီးရှုမှတ်နေချိန်မှာ နာတဲ့ရုပ်ကလေး ကတိုးပြီး ဖောက်ပြန်လိုက်တော့ နာမ်တရားလေးကလည်းတိုးပြီး လိုက်သိတယ်။ တိုးနာတဲ့ ခန္ဓာငါးပါးလေးဖြစ်သွားပါတယ်။ တိုးနာ တဲ့ခန္ဓာငါးပါး လေးဖြစ်ချိန်မှာ အခုနနာတယ်ဆိုတဲ့ ခန္ဓာငါးပါးမရှိ တော့ပါဘူး။ တိုးနာတယ်ဆိုတဲ့နောက်တစ်သိ၊ နောက်တခန္ဓာဖြစ် သွားတာပါ။ တစ်ခါ နာတာလေးကလျော့သွားရင်လည်း လျော့ သွားတာကို နာမ်လေးက လိုက်သိတော့လျော့သွားတဲ့ ခန္ဓာငါးပါး တစ်ခါဖြစ်ပါတယ်။ တိုးနာတဲ့ခန္ဓာငါးပါးကနေ လျော့သွားတယ် ဆိုတဲ့နောက်ခန္ဓာငါးပါးဖြစ်တာ မို့တိုးနာတဲ့ခန္ဓာငါးပါးလေးက ပျက်သွားပြီးမရှိတော့ပါဘူး။
၉။ တစ်ချက်ဖောက်ပြန်တိုင်း နာမ်ကတစ်ခါညွှတ်တော့ တစ် ခန္ဓာဖြစ်၊ နောက်တစ်ချက်ဖောက်ပြန်လိုက်တော့ နောက် တခန္ဓာ ဖြစ်နဲ့ တစ်ခုညွှတ်တိုင်း၊ ညွှတ်တိုင်းတစ်ခန္ဓာ တစ်ခန္ဓာဖြစ်နေတာ ပါ။ ညွှတ်တတ်တဲ့စိတ်ရဲ့ သဘာဝတွေကို မြင်လာရင် မိုးကုတ် ဆရာတော်ကြီး ဟောတဲ့တစ်စိတ်ပြီး တစ်စိတ်ဖြစ်နေတယ်ဆိုတာ ကို ဉာဏ်ထဲမှာ ကွင်းကွင်းကွက်ကွက် မြင်လာမှာဖြစ်ပါတယ်။ တစ်စိတ်ဖြစ်တာဟာ တစ်ခန္ဓာဖြစ်တာပါ။ တိုးနာတာကို သိတဲ့ခန္ဓာ ငါးပါးဖြစ်လာရင် အခု နနာတဲ့ခန္ဓာငါးပါးကပျက်၊ လျော့လာတယ် လို့သိတဲ့ ခန္ဓာငါးပါးဖြစ်လာရင် ခုနတိုးသိတဲ့ ခန္ဓာငါးပါးက ပျက်နဲ့၊ ခန္ဓာငါးပါးတွေ တစ်ခု ဖြစ်လိုက်၊ တစ်ခုပျက်သွားလိုက်နဲ့ ရှုမှတ်ရင်း ရှုမှတ်ရင်း ခန္ဓာငါးပါး ဖြစ် ခန္ဓာငါးပါး ပျက်၊ ခန္ဓာငါးပါး ဖြစ် ခန္ဓာငါးပါး *ပျက်၊ ခန္ဓာငါးပါး **ဖြစ်၊ ခန္ဓာငါးပါး *%ပျက် နဲ့ ခန္ဓာငါးပါးတွေ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေ တဲ့ သဘာဝတရားကိုမြင်လာ ပါလိမ့်မယ်။ ဒါကတော့ ခန္ဓာငါးပါး တွေရဲ့ ဖြစ်ပျက်ကိုရှုတာပဲဖြစ်ပါတယ်။
၁၀။ ရုပ်အကြောင်းသိအောင်ရှင်းခဲ့တုန်းက ဓါတ်ကြီးလေးပါး ဖောက်ပြန်နေတဲ့ ရုပ်သဘာဝကိုသပ်သပ်ရှင်းရသလို နာမ်ရဲ့ သဘာဝကလည်း ညွှတ်မယ်။ ခံစားမယ်။ မှတ်သားမယ်။ ပြုပြင်စေ့ ဆော်ပြီးသိတဲ့ အလုပ်လုပ်တယ်ဆိုပြီး သီးခြားခွဲပြီးပြောရပေမယ့်၊ တကယ်လက်တွေ့ ရှုမှတ်တဲ့ အခါမှာတော့ ရုပ်နဲ ့နာမ်ဟာခွဲလို့ မရပါဘူး။ ရုပ်နဲ ့နာမ်ဟာ တစ်ထပ်တည်းပေါင်းဖြစ်ပြီး တစ်ထပ် တည်းပေါင်း ပျက်နေတာပါ။ ဒီသဘောကိုလည်း ဉာဏ်မှာမြင် အောင်ရှုတတ်ရပါမယ်။
၁၁။ ရုပ်နဲ့နာမ်ဟာ ခွဲမရပါဘူး။ ရုပ်မဖောက်ပြန်ဘဲနဲ့ နာမ်မဖြစ် ပါဘူး။ ရုပ်ပေါ်မှာမှီပြီး နာမ်သည်ဖြစ်ရတယ်ဆိုတဲ့ ဘုရားဟော စကားဟာ မှန်လိုက်တာလို ့စိတ်ထဲမှာဖြစ်သွားမှာပါ။ ရုပ်နဲ့ နာမ်ဟာ သီးခြား ခွဲရှုလို့မရပါဘူး။ ခန္ဓာငါးပါး (ရုပ်နဲ ့နာမ်) ဟာ တစ်ပေါင်း တစ်စည်းတည်းဖြစ်ပြီး တစ်ပေါင်း တစ်စည်းတည်း ပျက်နေတဲ့ သဘာဝ တရားကြီးကို ဉာဏ်နဲ့ ထိုးထွင်းပြီးမြင်အောင်ကြည့်ရမှာပါ။ အထပ်ထပ်အခါခါရှုမှတ်တဲ့အခါ ရုပ်နဲ့နာမ်ခန္ဓာ ငါးပါး တွေဟာ *ခန္ဓာငါးပါး ဖြစ်လိုက် ခန္ဓာငါးပါးပျက်လိုက်၊ ခန္ဓာ ငါးပါးဖြစ်လိုက် ခန္ဓာငါးပါး ပျက်လိုက်သဘောတွေနဲ့ တစ်ပေါင်း တည်းဖြစ်၊ တစ်ပေါင်းတည်းပျက်နေတဲ့သဘာဝတရား ကိုမြင်နေ လျှင် နာမရူပပရိစ္ဆေဒဉာဏ်ကို ပိုင်တာပဲဖြစ်ပါတယ်။
၁၂။ ဒီခန္ဓာငါးပါးတွေရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းတွေကို ပိုင်ပိုင်နိုင်နိုင် ဉာဏ်နဲ့မြင်ပြီဆိုလျှင် နောက်ရှူရမယ့်အဆင့်ကတော့ ဝိပဿနာဖြစ် အောင်ရှုရပြီဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့ ရူပပရိစ္ဆေဒဉာဏ်၊ နာမ ပရိစ္ဆေဒဉာဏ်၊ နာမရူပပရိစ္ဆေဒဉာဏ်ဆိုတဲ့ ဉာဏ်သုံးဉာဏ်ကို မပိုင် နိုင်ထားလျှင် ဝိပဿနာကို တက်လှမ်းပြီးရှုလို့မရပါဘူး။ ဝိပဿနာရှုတတ်ဖို့အတွက် ဉာဏ်စဉ် (၁၆)ပါးကတော့ မဖြစ်မနေ ကျော်ဖြတ်ရမှာဖြစ်ပါတယ်။
၁၃။ ဒီဉာဏ်စဉ် (၁၆)ပါးမှာ ရူပပရိစ္ဆေဒဉာဏ်၊ နာမပရိစ္ဆေဒ ဉာဏ်၊ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ သမ္မသနဉာဏ် ဆိုတဲ့ ဒီဉာဏ်ငါးဆင့်က တရားရှူမှတ်တဲ့ ယောဂီတွေက ဝိပဿနာ ဖြစ်ဖို့အတွက် ခန္ဓာဉာဏ်ရောက်အားထုတ်ရမှာဖြစ်ပြီး ဒီငါးဆင့်ကို ခန္ဓာဉာဏ်ရောက်အားထုတ်ပြီးမှသာ ဝိပဿနာဖြစ်ပါတယ်။ ကျန် တဲ့ဉာဏ်စဉ်တွေဖြစ်တဲ့ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်စတဲ့ ဉာဏ်စဉ်တွေကတော့ တရားအားထုတ်ရင်းသူ့ဟာ သူဖြတ်ကျော်လာမယ့် ဉာဏ်တွေဖြစ်ပါတယ်။ ဒီဉာဏ်စဉ် (၁၆)ပါးကို များသောအားဖြင့် သောတာပန်အတွက်လောက်သာ ဟောတယ်ထင် နေကြပါတယ်။ သောတာပန်အဆင့်အတွက်သာ ဟောထားတာ မဟုတ်ပါဘူး။ သောတာပန် သကဒါဂါန်၊ အနာ ဂါန်၊ ရဟန္တာဖြစ်တဲ့အထိ ဟောထားတာဖြစ်ပါတယ်။ တရားအား ထုတ်သူတွေရဲ့အလုပ်က အပေါ်မှာပြောထားတဲ့ ဉာဏ်(၅)ဆင့်ကို ရောက်အောင် ကြိုးစားအားထုတ်ရမှာပဲဖြစ်ပါတယ်။
၁၄။ သမ္မသနဉာဏ်ရောက်အောင် ခန္ဓာဉာဏ်ရောက် အား ထုတ်တတ်မှအားကောင်းတဲ့ ဝိပဿနာဖြစ်တာပါ။ အားကောင်း တဲ့ ဝိပဿနာနဲ ့ အားထုတ်မှသာဝိပဿနာသမ္မာဒိဋ္ဌိဖြစ်တာပါ။ ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်မှ မဂ်သမ္မာဒိဋ္ဌိဖြစ်ပါမယ်။ မဂ်သမ္မာဒိဋ္ဌိဖြစ် မှ ဖိုလ်သမ္မာဒိဋ္ဌိဖြစ်မှာပါ။ ဒါကြောင့် ကိုယ်အားထုတ်ရမှာက မိမိရဲ့ ခန္ဓာငါးပါးသဘာဝတရားကို သမ္မသနဉာဏ်ရောက်အောင် လက် တွေ့အား ထုတ်ပြီးပိုင်နိုင်စွာသိထားမှ ဝိပဿနာဖြစ်တာမို့ ယုံယုံ ကြည်ကြည်နဲ့ မှတ်သားထားပြီးရှုမှတ်ကြစေချင်ပါတယ်။ သူအစဉ် အတိုင်းတစ်ဆင့် ပြီးတစ်ဆင့်ဉာဏ်နဲ့ သာရှုသွား လျှင် လွယ်လွယ် ကူကူရှင်းရှင်းလင်းလင်း တွေ့မြင်သွားမှာဖြစ်တဲ့ အတွက် ကြိုးစားပြီး ရှုမှတ်ကြပါ။ အခုဒီခန္ဓာ ငါးပါးဖွဲ့ပုံကို ရှုမြင်တတ်လျှင် နောက်တစ် ဆင့် မှာ **ဒီခန္ဓာငါးပါးထဲမှာ တရားရှာ ရတော့မှာဖြစ်ပါတယ်။
ခန္ဓာငါးပါးထဲမှာ တရားကိုဘယ်လို ရှာရမလဲဆိုတာ ဆက်ပြီးလေ့လာရှုမှတ်ကြရအောင်ပါ။
အားလုံးကျန်းမာကြပါစေ၊ချမ်းသာကြပါစေ။