∆∆နာမ် (နာပပရိစ္ဆေဒဉာဏ်)∆∆

၁။ ရုပ်ရဲ့ သဘာဝတရားကို ဘယ်လိုရှုရမလဲဆိုတာကို ဘုရားဟောအဆုံး အမနဲ့ အညီဟောပြထားလို့ သိကြပြီးဖြစ်တဲ့အတွက်နာမ်ရဲ့ သဘာဝတရားကို ဘယ်လိုရှုရမလဲဆိုတာကို တိတိကျကျ

လေး ရှင်းပြသွားပါတယ်။

၂။ ဒီရုပ်နာမ်ဓမ္မတွေ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာကို ဦးစွာနားလည်သိထားရပါမယ်။မြတ်စွာဘုရားကလောသဘာဝအရှိ ပရမတ်တရားဟာဘာလဲဆိုတာကို ဟောကြားထားပါ တယ်။ လောကသဘာဝ အရှိပရမတ် တရားဟာ**စိတ်၊စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတာပဲရှိတယ်လို့ ဟောတော်မူခဲ့ပါတယ်။ နိဗ္ဗာန်ဆိုတာ ကတော့ မိမိကိုယ်တိုင်ကြိုးစားအား ထုတ်ရင်းနဲ့ ရောက်သွားမှာမို့ နိဗ္ဗာန်ကိုခဏဖယ်ထားပါ။ ဒါဆိုရင်စိတ်၊စေတသိတ်နဲ့ ရုပ်ပဲ ကျန်ပါမယ်။ စိတ်နဲ့ စေတသိတ်ပေါင်းလိုက်ရင်

တော့ နာမ် (စိတ်’ စေတသိတ်’နာမ်) တရားပါပဲ။ ဒါဆိုရင်ရုပ်နဲ့ နာမ်ဒီနှစ်ပါးပဲရှိတာပါ။ နိဗ္ဗာန်ကိုခဏဖယ်ထားရင် ၃၁ ဘုံမှာတကယ်ရှိတဲ့အရှိတရား ကတော့ရုပ်နဲ့ နာမ်ပဲရှိတာပါ။ ဒါ့ကြောင့်

တရားရှာခန္ဓာကြည့်ဆိုတဲ့ အတိုင်း ရုပ်နာမ်ရဲ့ ပရမတ်သဘောတွေကို ခန္ဓာမှာရှာရမှာပါ။ ဒီလိုသဘောပေါက်ပြီဆိုရင် နာမ်ရဲ့သဘာဝတရားတွေကို ခန္ဓာဉာဏ်ရောက်အားထုတ်ကြည့်ကြရအောင်ပါ။

နာမ်၏သဘာဝတရား

၃။နာမ်၏သဘာဝတရားကိုဘယ်လိုရှုရမလဲ။ အများအားဖြင့်သိထား ကြတာကတော့ နာမ်ဆိုတာ သိတတ်မှု သဘောလို့သိထားကြပါတယ်။ သိတတ်မှုသဘောသည် အဟောအပြော အနေ

နဲ့ မှန်သော်လည်း လက်တွေ့ကျင့်ကြံအားထုတ်တဲ့ အလုပ်ခွင်မှာတော့ သိတတ်မှုသဘောတစ်ခုတည်းနဲ့ ရှုမှတ်လို့မရပါဘူး။

၄။ ဦးစွာအရေးကြီးတာက နာမ်ရဲ့သဘာဝကို အရင်ဆုံးသိရမှာဖြစ်ပါတယ်။ ရုပ်ရဲ့သဘာဝသည် ဖောက်ပြန်ပျက်စီးတတ်တဲ့သဘောလို့သိသလို ပဲနာမ်ရဲ့သဘာဝကလည်း အာရုံရှိရာကိုကိုင်းညွတ်တတ်တဲ့သဘောရှိပါတယ်။ကိုင်းညွှတ်ရုံတင်မဟုတ်ပဲညွှတ်လိုက်တာနဲ့ တပြိုင်တည်း နာမ်ခန္ဓာလေးပါးတွေဖြစ်တဲ့ဝေဒနက္ခန္ဓာဟာ ခံစားတဲ့အလုပ်၊ သဉာက္ခန္ဓာက မှတ်သားတဲ့

အလုပ်၊ သင်္ခါရက္ခန္ဓာကပြုပြင်စေ့ဆော်တဲ့အလုပ်၊ ဝိဉာနက္ခန္ဓာ

ကတော့သိမှုအလုပ်တွေကို တပြိုင်တည်းလုပ်ကြပါတယ်။ နာမ်တရားလေးရဲ့ သဘာဝကတော့ အာရုံတို့ညွှတ်လိုက်တာနဲ့တပြိုင်တည်း ခံစားမှုအလုပ်၊ မှတ်သားမှု အလုပ်၊ ပြုပြင်စေ့ဆော်မှုအလုပ်၊ သိမှုအလုပ်တွေဟာ နာမ်တရား လေးရဲ့သူ အလုပ်သူလုပ်နေတဲ့ သဘောတရားတွေကို မိမိလက်တွေ့ ရှုမှတ်ရင်းသိလာမှာဖြစ်ပါတယ်။

နာမ်ရဲ့သဘာဝကို ဘယ်လိုခန္ဓာဉာဏ်ရောက် အားထုတ်ကြမလဲ။

၅။ နာမ်ရဲ့ သဘာဝဟာ အာရုံရှိရာကိုညွှတ်တတ်တဲ့ သဘောလို့ပြောထားတဲ့အတွက် ဒီညွှတ်တတ်တဲ့သဘောကို အရင်သိအောင် လုပ်ရမှာဖြစ်ပါတယ်။

၆။မိမိရဲ့စိတ်လေးကို အာနပါနဝင်လေထွက်လေရဲ့ထိခြင်း သိခြင်း သဘောကိုစူးစိုက်မှတ်နေရင်းက အပြင်က အသံလေးကြား ရင်ကြားတဲ့ဆီကို ဒီစိတ်ကလေးကဖျတ်ကနဲ၊ ဖျတ်ကနဲညွှတ်ညွှတ် သွားပါတယ်။ စိတ်ကလေးကို နှာသီးဖျားမှာထားပေမဲ့အသံကြားရင် ကြားတဲ့ဆီညွှတ်၊ စိတ်ကူးပေါ်လာရင် စိတ်ကူးလေးပေါ်ညွှတ်၊ ခန္ဓာကိုယ်ဖောက်ပြန်ရင် ဖောက်ပြန်တဲ့နေရာကို

ညွှတ်တာနဲ့ပဲစိတ်တွေရဲ့အစိုးမရညွှတ်နေတဲ့ သဘောလေးကိုထင်ထင်ရှားရှားမြင် လာရင်နာမ်ရဲ့ညွှတ်တတ်တဲ့သဘာဝကိုနားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။

၇။ နာမ်ရဲ့ညွှတ်တတ်တဲ့ သဘောကို သိလာပြီဆိုလျှင်နာမ်ခန္ဓာလေးပါးတွေဟာ သူ့အလုပ်သူလုပ်နေကြတဲ့သဘောကို

သိအောင် လည်းမှတ်သားထားဖို့လိုပါတယ်။

***ဝေဒနက္ခန္ဓာ- ဝေဒနက္ခန္ဓာကခံစားတဲ့အလုပ်ကိုလုပ်တယ်။ခံစားတဲ့အလုပ်ကိုပဲသူကလုပ်တာ။ သူ့ အလုပ်တစ်ခုကိုပဲ တိတိကျကျမှန်မှန်ကန်ကန်နဲ့ သူ့အလုပ်သူလုပ်ပါတယ်။ ကျန်တဲ့အလုပ်ကို သူ

မလုပ်ပါဘူး။

***သဉာက္ခန္ဓာ – မှတ်သားမှုဆိုတဲ့အလုပ်တစ်ခုကိုပဲ သူလုပ်ပါတယ်။ ကျန်တဲ့အလုပ်သူမလုပ်ပါဘူး။

***သင်္ခါရက္ခန္ဓာ – ပြုပြင်စေ့ဆော်ပေးတဲ့အလုပ်ကိုပဲ သူလုပ်ပါတယ်။ ကျန်တဲ့အလုပ်သူမလုပ်ပါဘူး။

***ဝိဉာနက္ခန္ဓာ – သိမှုအလုပ်ကိုပဲသူလုပ်ပါတယ်။ ကျန်တဲ့အလုပ်ကို သူမလုပ်ပါဘူး။

၈။ဒီလိုနာမ်ခန္ဓာတွေသူ့အလုပ်သူလုပ်ကြပုံကို ပရိယတ်အနေနဲ့ သိပြီ ဆိုလျှင် လက်တွေ့ ရှုမှတ်ရင်း ဉာဏ်နဲ့

လိုက် ခွဲကြည့်ရအောင်ပါ။ ဥပမာ-ငှက်သံကြားလိုက်တဲ့အခါ ငှက်သံကြားတဲ့ဆီကို မိမိရဲ့စိတ်လေးက ညွှတ်လိုက်တယ်။ ငှက်သံလို့ သိလိုက် တယ်။

တဆင့်တက်ပြီး ငါကမျက်စိမှိတ် တရားထိုင်နေတယ်။ ငှက်အော်

သံကိုညွှတ်အောင်သင်္ခါရက္ခန္ဓာက စေ့ဆော်ပေးတော့ ထကြည့်စရာမလိုပဲနဲ့ ငှက်သံလို့သိလိုက်တယ်။ ဒီလိုသိတာဟာ ဝေဒနက္ခန္ဓာက ခံစားလို့သိတာပါ။ ဒီခံစားမှု ဝေဒနာ ပေါ်ကနေ ငှက်ဆိုတဲ့

အမည်ကျီးကန်း၊ ဥဩစသည် အမည်ပညတ်တွေကို သိတာကမှတ်သားမှုဆိုတဲ့ သဉာက္ခန္ဓာကသိတာပါ။ ငှက်သံလိုခံစားမှုအလုပ်၊ ငှက်သံဆိုတဲ့ အမည်ပညတ် မှတ်သားမှု အလုပ်တွေကို

ဘာကြောင့်သိနေတာလဲဆိုရင် ပြုပြင်စေ့ဆော်တဲ့ သင်္ခါရက္ခန္ဓာကြောင့် သိတာပါ။ ဒီလိုတွေအားလုံးကို သိပေးနေတာ ကတော့ဝိဉာနက္ခန္ဓာကြောင့်ပါ။ ငှက်သံလို့ကြားလိုက်တာနဲ့ နာမ်ခန္ဓာတွေအလုပ်လုပ်ပြီးသားဖြစ်သွားတာဟာ နာမ်ခန္ဓာလေးပါ သူ့အလုပ်

သူလုပ်တဲ့ သဘောသဘာဝကြောင့်ပဲ ဖြစ်ပါတယ်။နာမ်ခန္ဓာလေးပါးဖြင့်မိမိရဲ့ခန္ဓာကိုလက်တွေ့ရကြည့်ကြရအောင်။

၉။ခန္ဓာပေါ်မှာ စိတ်ကလေးကိုကပ်ပြီးရှုမှတ်နေဆဲအချိန်ခဏအကြာမှာ ခန္ဓာရဲ့ခါး၊ တင်ပါး၊ ကျောစသည်ဖြင့် တစ်နေရာရာမှာ နာတဲ့ဝေဒနာလေးပေါ်လာမှာဖြစ်ပါတယ်။ မနာခင်တုန်းကစိတ် ကမညွှတ်ပေမဲ့နာလာတော့မှ နာတယ်ဆိုတဲ့သိစိတ်ကလေးပေါ်လာတာပါ။ နာတဲ့အာရုံပေါ်ကို နာမ်တရားလေးက ညွှတ်

လိုက်တာနဲ့ နာတဲ့ ဝေဒနာလေးကို ခံစားပြီးသိတာ ဝေဒန က္ခန္ဓာကအလုပ်လုပ်လို့ပါ။ နာတယ်ဆိုတဲ့ ပညတ်စကားလုံးကိုသိတာကမှတ်သားတတ်တဲ့ သညက္ခန္ဓာကအလုပ်လုပ်လို့ပါ။ နာတာ

တွေမှတ်သားတာတွေကို လုပ်ပေးတာကတော့ ပြုပြင်စေ့ဆော်ပေးတဲ့ သင်္ခါရက္ခန္ဓာကအလုပ်လုပ်လိုပါ။ ဝိဉာနက္ခခန္ဓာ ကတော့သိမှုအလုပ်ကိုလုပ်ပါတယ်။ နာတယ်ဆိုတဲ့ အသိလေး တစ်လုံးမှာနာမ်ခန္ဓာလေးပါး အလုပ်လုပ်လို့ သာ နာတယ်လို့ သိပါလားဆို

တာကို ကိုယ်တိုင်အလုပ်နဲ့ ရှူမှသဘောပေါက်သွားမှာပါ။ စိတ်ရဲ့

သဘာဝကအရမ်းမြန်တဲ့အတွက် နာမ်ခန္ဓာတွေ ဒီလိုအလုပ်လုပ်သွားတာကို ဉာဏ်ကသိနေရမှာဖြစ်ပါတယ်။

၁ဝ။ . တကယ်လက်တွေ့လုပ်ပြီးရှုမှတ်မှသာ တကယ်ကိုနာမ်ခန္ဓာတွေအလုပ်လုပ်ပုံကို သိရှိသဘောပေါက်မှာပါ။ အပေါ်မှာလက်တွေ့ ရှူခဲ့သလို နာမ်တရားလေးကို တိတိကျကျရှုမှတ်မှသာ

နာမ်ခန္ဓာတွေ သူ့အလုပ်သူလုပ်နေတဲ့သဘာဝကိုသိပြီး နာမပရိစ္ဆေဒဉာဏ်ကို ပိုင်တာပါ။

၁၁။ ရုပ်နာမ်တွေရဲ့ သဘာဝကို တိတိကျကျအား ထုတ်မှသာလျှင် (၃၁)ဘုံရဲ့ ရုပ်နာမ်တွေကိုလည်း သိနိုင်မှာပါ။ မိုးကုတ်ဆရာတော်ဘုရားကြီး၊ မဟာစည်၊ သဲအင်း၊ စွန်းလွန်း အစရှိ

သောဆရာတော်ဘုရားကြီးတွေလည်း ဘယ်လိုအကျင့် စရိုက်တွေနဲ့ ရှုခဲ့ရှုခဲ့ နောက်ဆုံး ရုပ်သဘာဝ၊ နာမ်သဘာဝတွေကနေမှဝိပဿနာဉာဏ်တွေရင့်သန်ပြီး သံသရာမှလွတ်မြောက်သွားကြ

တာပါ။

၁၂။ … ယောဂီတွေအနေနဲ့လည်း လက်တွေ့ အားမထုတ်ကြည့်ပဲကြားဖူးပြီးသား သိပြီးသားဆိုပြီးပေါ့ပေါ့တန်တန်လုပ်မယ်ဆိုလျှင်

မြတ်စွာဘုရား၏တရားတန်ဖိုးကို လုံးဝသိမှာမဟုတ်ပါဘူး။ လက်တွေ့ရှုမှတ်ကျင့်ကြံကြည့်မှသာထူးခြားသောအသိဉာဏ်များကိုသေချာပေါက်ရလာပါလိမ့်မည်။ မိမိယခင်က သိခဲ့တဲ့အသိနဲ့မြတ်စွာဘုရားအဆုံးအမအတိုင်းလိုက်နာ ကျင့်ကြံအားထုတ်တဲ့အတွက် ကိုယ် တိုင်သိလာတဲ့ အသိဉာဏ်ဘယ်လောက်အထိကွာခြားတာကိုသိလာ မှာဖြစ်ပါတယ်။ ဒီလိုနာမ်ခန္ဓာ လေးပါးရဲ့** သဘာဝ တရားတွေကို သိမှ စိတ္တာနုပဿနာရှုမှတ်နိုင်မှာပါ။ဒီလိုမှမရှုမှတ်ရင်မပြည့်စုံပါဘူး။ ဒါကြောင့်မိမိကိုယ်တိုင် တိတိကျကျလိုက်နာကျင့်သုံးရှုမှတ်မယ်ဆိုလျှင် နာမပရိစ္ဆေဒ ဉာဏ်ကိုပိုင်နိုင်သွားပြီမို့ နောက်တစ်ဆင့်အနေနဲ့ ခန္ဓာငါးပါးဖွဲ့ပုံကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။

အားလုံးကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။