ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)
✅ Join / Watch (Zoom + YouTube + Facebook + Telegram)
https://buddhaswayvipassana.org/live/
🕗 အချိန်: 7:30 PM – 9:30 PM (MMT)
📌 Note: Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ထားပါသည်။
#ရုပ်(ရူပပရိစ္ဆေဒဉာဏ်)
📌 ဝိပဿနာအားထုတ်ရာတွင်သမထယာနိကနည်းနှင့်ဝိပဿနာယာနိကနည်းဟူ၍ နည်းနှစ်နည်းသာရှိကြောင်း၊ပညာအဓိကဖြစ်သောဝိပဿနာယာနိကနည်းဖြင့်ဟောကြားသင်ကြားပေးသွားမည်ဖြစ်ကြောင်း။
📌 ပရမတ်အရှိတရားသည်စိတ်၊စေတသိက်၊ရုပ်နိဗ္ဗာန်သည်အရှိတရားဖြစ်ခြင်းကြောင့်၎င်းအရှိပရမတ်တရားအပေါ်တွင်သာတရားရှာရမည်ဖြစ်ကြောင်း။
📌 ပထဝီ၊တေဇော၊အာပေါ၊ဝါယောဓါတ်ကြီးလေးပါးသည်ရုပ်၏သဘာဝပရမတ်အရှိတရားဖြစ်ကြောင်း။
▶️ ပထဝီ၏သဘာဝသတ္တိ..မာသဘော၊ပျော့သဘော
▶️ တေဇော၏သဘာဝသတ္တိ…ပူသဘော၊အေးသဘော
▶️ အာပေါ၏သဘာဝသတ္တိ…ယိုစီးသဘော၊ဖွဲ့စည်းသဘော
▶️ ဝါယော၏သဘာဝသတ္တိ…တွန်းသဘောကန်သဘော
📌 ဓါတ်ကြီးလေးပါး၏သဘာသတ္တိများအားတပါးစီရှင်းလင်းဟောကြား၍လက်တွေ့ခံစားမှုသဘောဖြင့်ပညတ်(သမုတိသစ္စာ)အသိမှပရမတ်(ပရမတ္ထသစ္စာ)အသိဖြစ်စေရန်ရှင်းလင်းဟောကြားခြင်း။
📌 တေဇော၊အာပေါ၊ဝါယောဆိုသည့်ဓါတ်သုံးပါးတို့သည်ပထဝီဆိုသောဓါတ်အပေါ်တွင်မှီ၍ဖြစ်နေကြောင်းအားရှင်းလင်းဟောကြားခြင်း။
📌 နာကျင်ခြင်း၊ကိုက်ခဲခြင်း၊ယားယံခြင်းစသောခန္ဓာတွင်ပေါ်လာသမျှသည်(သမုတိသစ္စာအသိ) ပညတ်အသိများသာဖြစ်ကြောင်း၊ အမှန်သိရမည်မှာ၎င်းတို့သည်ဓါတ်ကြီးလေးပါးဖေါက်ပြန်နေသောသဘောပရမတ်အသိ(ပရမတ္ထသစ္စာအသိ)ဖြစ်ကြောင်း။
📌အာနာပါနကမ္မဌါန်း၊ဖေါင်းပိန်ကမ္မဌါန်းအားရှုမှတ်ရာတွင် ဓါတ်ကြီးလေးပါး၏သဘောများပါဝင် နေပုံအားရှုမှတ်တတ်စေရန်ရှင်းလင်းဟောကြားခြင်း။
#Crd_DawWinWinMar