ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)
✅ Join / Watch (Zoom + YouTube + Facebook + Telegram)
🕗 အချိန်: 7:30 PM – 9:30 PM (MMT)
📌 Note: Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ထားပါသည်။
📌နာမ်
(နာမပရိစ္ဆေဒဉာဏ်)
🙏 ပုဂ္ဂိုလ် သတ္တဝါ ခေါင်း ခါး ခြေ လက်ဟုထင်နေသမျှအားလုံးသည်ဓါတ်ကြီးလေးပါး သာဖြစ်ကြောင်းအားပညတ်အသိမှပရမတ်အသိသို့ရောက်စေ ရှင်းလင်း ဟောကြားခြင်း။
🙏 ပညတ်ပေါ်မှပရမတ်အားသိရှိရန်ရှု့မှတ်ရာတွင်ခံစားမှု့ ဖြင့်နှလုံးသွင်းဆင်ခြင် ရှုမှတ်မှုသည်အရေးကြီးကြောင်းအားဟော ကြားခြင်း။
🙏 စိတ်(နာမ်)၏သဘာဝသည်အာရုံရှိရာကိုကိုင်းညွှတ်တတ်သောသဘောအားသိရှိရန်အရေးကြီးကြောင်း။
🙏 အာရုံရှိရာသို့ကိုင်းညွှတ်လိုက်သည်နှင့်နာမ်ခန္ဓာလေးပါးတို့သည် “တပြိုင်တည်း သူ့အလုပ်သူလုပ်ကြခြင်း”သဘောအားရှင်းလင်းဟောကြားခြင်း။
🙏 အာရုံရှိရာကို ကိုင်းညွှတ်တတ်သောနာမ်ခန္ဓာလေးပါးတို့၏သဘာဝအား တပါးချင်းစီအပေါ်ရှင်းလင်းဟောကြားခြင်း။
▶️ သင်္ခါရက္ခန္ဓာ၏ပြုပြင်စေ့ဆော်သည့်အလုပ်
▶️ ဝေဒနက္ခန္ဓာ၏ခံစားမှုအလုပ်
▶️ သညာက္ခန္ဓာ၏မှတ်သားမှုအလုပ်
▶️ ဝိညာဏက္ခန္ဓာ၏သိမှုအလုပ်
တို့ကိုလုပ်ကြကြောင်း။
📌 အဆင်း၊အသံ၊အနံ့၊အရသာ၊ထိတွေ့စရာ၊ကြံတွေးစရာတို့သည်ဓါတ်ကြီးလေးပါး အားမှီ၍ဖြစ်လာရသောရုပ်တရားများဖြစ်ကြောင်း
📌 နာမ်ခန္ဓာလေးပါးပြည့်စုံမှသိမှု့တစ်ခုဖြစ်ကြောင်း။
▶️ နာတာသိမှု … နာမ်ခန္ဓာလေးပါးပြည့်စုံ၍
▶️ ကျင်တာသိမှု .., နာမ်ခန္ဓာလေးပါးပြည့်စုံ၍
▶️ ကိုက်တာသိမှု … နာမ်ခန္ဓာလေးပါးပြည့်စုံ၍
▶️ ယားတာသိမှု … နာမ်ခန္ဓာလေးပါးပြည့်စုံ၍
▶️ ခွေး/ကားသံကြားမှု … နာမ်ခန္ဓာလေးပါးပြည့်စုံ၍)
#Crd_DawWinWinMar