ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)

✅ Join / Watch (Zoom + YouTube + Facebook + Telegram)

Live – livestream contents

🕗 အချိန်: 7:30 PM – 9:30 PM (MMT)

📌 Note: Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ထားပါသည်။

📌 ပစ္စယပရိဂ္ဂဟဉာဏ်မှသမ္မသနဉာဏ်သို့
(အနတ္တလက္ခဏာ)

ခန္ဓာ့သဘာဝတရားကြီးသည်မမြဲဆင်းရဲနေသောသဘောသာရှိခြင်းအားရှင်းလင်းဟောကြား၍ခန္ဓာရလာခြင်းသည်ဒုက္ခသက်သက်ရလာခြင်းသာဖြစ်ကြောင်း။
▶️ မမြဲ၍ပြုပြင်ပေးနေရသောခန္ဓာကြီးအားပြုပြင်ပေးနေရသော်လည်းအိုနာသေဘေးမှမလွတ်ကြောင်း။
▶️ ခန္ဓာ့သဘာဝမမြဲ၍ဆင်းရဲရခြင်းသဘောအားထင်ရှားစွာမြင်လာလျှင်သာမညလက္ခဏာအားမြင်လာနိုင်မည်ဖြစ်ကြောင်း။
▶️ အမှန်မသိသောအဝိဇ္ဇာကြောင့်ကံသင်္ခါရများပြုမိခြင်း၊၎င်းပြုမိသောကံများအားပေးဆပ်ရမည်ဖြစ်ကြောင်း။
▶️ ရုပ်အကြောင်းနာမ်အကျိုး၊ နာမ်အကြောင်းရုပ်အကျိုးဖြင့်ရုပ်နာမ်တို့သည်အကြောင်းအကျိုးတို့ဖြင့်အပြန်အလှန်ကျေးဇူးပြုနေကြကြောင်းသည်ပဋိစ္စသမုပ္ပါဒ်သဘော၊ပဌါန်းသဘောတို့ပါဝင်နေကြောင်း
▶️ခန္ဓာငါးပါးရုပ်နာမ်တို့၏ မမြဲဆင်းရဲနေသောသဘာဝတရားသည်မည်သူတဦး တယောက်မှပြုလုပ်ခြင်းလည်းမဟုတ်၊ဖန်ဆင်းရှင်တန်ခိုးရှင်တို့မှပြုလုပ်ခြင်းလည်းမဟုတ်၊ခန္ဓာ့သဘာဝသူ့သဘောသူ ဆောင်နေ‌ကြောင်းအတ္တဖြင့်တားဆီး၍လည်း မရသော “သူ့သဘာဝအနတ္တသဘော” သဘောသာဖြစ်ကြောင်း။
▶️ရုပ်နာမ်တို့သည်အကြောင်းအကျိုးဆက်စပ်အပြန်အလှန်ကျေးဇူးပြုနေကြသောသဘောသာရှိ၍ “ရုပ်နာမ်မှလွဲ၍အသက်လိပ်ပြာဝိဉာဉ်ကောင်မရှိကြောင်း” အား ဟောကြား၍ဝီစိကိစ္စများအားဖယ်ရှားပေးခြင်း။
▶️ဖေါက်ပြန်နေသောခန္ဓာ့သဘာဝအနတ္တတရားသည်သူ့သဘောသူဆောင်နေခြင်းကြောင့်ငါနှင့်မဆိုင်ကြောင်းအားထင်ရှားစွာမြင်စေရန်ရှု့မှတ်စေခြင်း။
▶️ခန္ဓာ့သဘာဝအနတ္တတရားကြီးသည်ငါနှင့်မဆိုင်ကြောင်းအား ဉာဏ်မှထင်ရှားစွာ မြင်လာလျှင် အတ္တဒိဌိပြုတ်၍အနတ္တဉာဏ်သို့ဆိုက်ရောက်လာကြောင်းအား ရှင်းလင်း ဟောကြားခြင်း။

#Crd_DawWinWinMar