ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)
✅ Join / Watch (Zoom + YouTube + Facebook + Telegram)

Live – livestream contents
🕗 အချိန်: 7:30 PM – 9:30 PM (MMT)

📌 Note: Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ထားပါသည်။

📌 အနတ္တအားသိသောသင်္ခါရုပေက္ခာဉာဏ်
📌 သမုတိသစ္စာနှင့်ပရမတ္ထသစ္စာ
📌 ပထဝီ၏ပရမတ်သတ္တိအားသိနိုင်ရန်မဂ္ဂင်ရှစ်ပါးဖြင့်ရှု့မှတ်ပုံ

🙏 နာကျင်ကိုက်ခဲမှု့တို့သည်ခန္ဓာ့သဘာဝဓါတ်ကြီးလေးပါးဖေါက်ပြန်နေသောသဘော ဖြစ်ကြောင်း ပရမတ်သဘောအားသိလာခြင်းကြောင့်ပညတ်စွဲများပြုတ်လာရခြင်းဖြစ်ကြောင်း။
🙏 ခန္ဓာ့သဘာဝတရားကြီးသည်သူ့သဘောသူဆောင်နေသောခန္ဓာ့သဘာဝတရားဖြစ်ကြောင်းငါနှင့်မဆိုင်ကြောင်းအားဉာဏ်မှထင်ရှားလေ အတ္တဒိဋ္ဌိပြုတ်၍ အနတ္တဉာဏ် ဆိုက်လာလေဖြစ်ကြောင်း။
🙏 သူ့သဘောသူဆောင်နေသောခန္ဓာ့သဘာဝတရားကြီးသည်ငါနှင့်မဆိုင်ကြောင်းသိလာရသော အနတ္တဉာဏ်ကြောင့်သင်္ခါရတရားများအားလစ်လျုရှု့၍ရှု့မှတ်နိုင်သော ဉာဏ်ကြီးသည်ဝိပဿနာ၏အမြင့်ဆုံးသင်္ခါရုပေက္ခာဉာဏ်ကြီးဖြစ်ကြောင်းအားဟောကြားခြင်း။

🙏 ငါ၊သူ၊ယောင်္ကျား၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တဝါတို့သည်ပညတ် သမုတိသစ္စာအသိဖြစ်၍ ပယ်၍မရကြောင်း၊ပရမတ္ထသစ္စာအနေဖြင့် စိတ်စေတသိတ်ရုပ်(ရုပ်နှင့်နာမ်)သာ အရှိတရားဖြစ်ကြောင်းအားရှင်းလင်းဟောကြားခြင်း။
🙏 ပညတ်များဖြင့်ကျင်လည်နေချိန်များတွင်ပရမတ်သည်သုညသဘော၊ပရမတ်အားနှလုံးသွင်းဆင်ခြင်နေချိန်များတွင်ပညတ်သုညဖြစ်နေခြင်းသ‌ဘောအားရှင်းလင်းဟောကြားခြင်း။
🙏 ပထဝီ၏ပရမတ်သတ္တိအားမဂ္ဂင်ရှစ်ပါးပြည့်စုံအောင်ရှု့မှတ်မှု့ကြောင့် ပရမတ်သတ္တိ အားသိနိုင်ပုံ။

#Crd_DawWinWinMar