ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)
✅ Join / Watch (Zoom + YouTube + Facebook + Telegram)
🕗 အချိန်: 7:30 PM – 9:30 PM (MMT)
📌 Note: Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ထားပါသည်။
📌 အရှိခန္ဓာနှင့်အဖြစ်ခန္ဓာဆိုသောခန္ဓာငါးပါးနှစ်ခုပေါ်မှအဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်အားဖယ်ရှားပုံ
📌 သောတာပန်မှအရဟတ္တမဂ်ဉာဏ်အထိထင်ရှား သောလက္ခဏာအပေါ် မဂ်ဆိုက်အောင်ရှုမှတ်ရပုံ
📌 တဏှာဖြစ်ခြင်းအကြောင်းတရားရှာပုံ
▶️ ကံကြောင့်ရလာသောအရှိခန္ဓာနှင့်အရှိခန္ဓာတွင်ရှိသော “ဒွါရနှင့်အာရုံ” တိုက်၍ဖြစ်ပေါ်လာသော “အဖြစ်ခန္ဓာ” ဟူ၍ခန္ဓာငါးပါးနှစ်မျိုးအပေါ်တွင် အဝိဇ္ဇာတဏှာဥပါဒါန်ဖြစ်ပုံ။
▶️ အရှိခန္ဓာနှင့်အဖြစ်ခန္ဓာဆိုသောခန္ဓာငါးပါးနှစ်ခုလုံးတွင်အဝိဇ္ဇာတဏှာ ဥပါဒါန်ဖြစ်ကြောင်းနှင့်၎င်းခန္ဓာငါးပါးနှစ်ခုတွင်တဏှာဥပါဒါန်နှင့်အဝိဇ္ဇာအားဖယ်ရှားရပုံအားဟောကြားခြင်း။
▶️ အရှိခန္ဓာတွင်မဂ်သုံးဆင့်ဆိုက်အောင်ရှု့မှတ်ရမည်ဖြစ်ကြောင်း။
▶️ ရုပ်နာမ် ပရမတ်တို့၏သဘာဝလက္ခဏာအပေါ်မှသာမညလက္ခဏာသုံးပါးအား ဉာဏ်မှထင်ရှားလာခြင်းနှင့်၎င်းသဘာဝအားသိသောဉာဏ်ကြောင့်လည်းလက္ခဏာသုံးပါးအပေါ်တွင်ဥပေက္ခာပြုလာနိုင်ကြောင်း။
▶️ သောတာပန်သည်အနတ္တလက္ခဏာထင်ရှားကြောင်း၊သကဒါဂါမ်သည်အနိစ္စလက္ခဏာထင်ရှားကြောင်း၊အနာဂါမ်သည်ဒုက္ခလက္ခဏာအားထင်ရှားပုံနင့်ဉာဏ် အဆင့်ဆင့်အလိုက်မဂ်ဆိုက်ရမည်ဖြစ်ကြောင်းဟောကြားခြင်း။
▶️ ဘဝရလျှင်ခန္ဓာရမည်ဖြစ်ကြောင်း၊ခန္ဓာရတိုင်းလည်းအိုနာသေမလွတ်သောဒုက္ခအားရင်ဆိုင်နေကြရမည်ဖြစ် ခြင်းကြောင့်ခန္ဓာရခြင်းဒုက္ခမှကင်းစေရန် “ခန္ဓာမရခြင်းအကြောင်းတရား” တဏှာအားရှာနိုင်ရန်ပဋိစ္စသမုပ္ပါဒ်တရားလမ်း ကြောင်းဖြင့်ရှင်းလင်းဟောကြားခြင်း။
#Crd_DawWinWinMar