ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)
✅ ဝင်ရောက်ကြည့်ရှုပါ / ကြည့်ရှုပါ (Zoom + YouTube + Facebook + Telegram)

တိုက်ရိုက် – တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာ

🕗 အခ်ိန္ - 7:30 PM မှ 9:30 PM (MMT)

📌 မှတ်ချက်- Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ပါ။

🙏 ခန္ဓာငါးပါးဖွဲ့ခြင်း (နာမရူပပရိစ္ဆေဒဉာဏ်)

▶️ တရားရှာလျှင်ခန္ဓာငါးပါးတွင်ရှာရမည်ဖြစ်ကြောင်း၊တနည်းစိတ်စေတသိက်ရုပ်(ရုပ်နာမ်)တွင်တရားရှာရမည်ဖြစ်ကြောင်း။
▶️ ဓါတ်ကြီးလေးပါးဖေါက်ပြန်နေသောရုပ်တရားအပေါ်နာမ်ခန္ဓာလေးပါးကညွှတ်၍ ခံစားမှု့အလုပ်၊ မှတ်သားမှု့အလုပ်၊ပြုပြင်စေ့ဆော်သည့်အလုပ်၊ သိမှုအလုပ်တို့ကိုလုပ်ကြခြင်းကြောင့်(ရုပ်+နာမ်ခန္ဓာလေးပါး=ခန္ဓာငါးပါး)ခန္ဓာငါးပါးဖြစ်လာပုံအားရှင်းလင်းဟောကြားခြင်း။
▶️ နာကျင်ခြင်း၊ကိုက်ခဲခြင်း၊ယားယံခြင်းစသည့်ဓါတ်ကြီးလေးပါးဖေါက်ပြန်မှု့တခုတိုင်းသည်ခန္ဓာငါးပြည့်စုံမှသိမှုတခုဖြစ်ကြောင်းအားရှင်းလင်းဟောကြားခြင်း။

📌 နာတာသိမှု …. ခန္ဓာငါးပါးပြည့်စုံ၍
📌 ကျင်တာသိမှု …. ခန္ဓာငါးပါးပြည့်စုံ၍
📌 ကိုက်တာသိမှု … ခန္ဓာငါးပါးပြည့်စုံ၍
📌 ယားတာသိမှု … ခန္ဓာငါးပါးပြည့်စုံ၍
📌 ခွေး/ကားသံကြားမှု … ခန္ဓာငါးပါးပြည့်စုံ၍)

🙏 အသိတသိပြောင်းတိုင်းခန္ဓာငါးပါးပြည့်စုံ၍ဖြစ်ကြောင်း၊ခန္ဓာငါးပါးတို့၏မတည်ငြိမ်လှုပ်ရှားပြောင်းလဲနေသောသဘောအပေါ်မှခန္ဓာငါးပါးတို့တခန္ဓာဖြစ်တခန္ဓာပျက်နှင့် ခန္ဓာငါးပါးတို့ဖြစ်ပျက်နေခြင်းသဘောအားရှင်းလင်းဟောကြားခြင်း။
🙏 နာတာကြီးဖြစ်ပျက်နေခြင်းမဟုတ်၊ခန္ဓာငါးပါးဖြစ်ပျက်နေကြခြင်းဖြစ်ကြောင်းအားရှင်းလင်းဟောကြားခြင်း။
🙏 ရုပ်အကြောင်း နာမ်အကျိုး၊နာမ်အကြောင်းရုပ်အကျိုးသဘောအားဟောကြား၍ ရုပ်နှင့်နာမ်အပြန်အလှန်အကြောင်းအကျိုးဖြင့်ကျေးဇူးပြုနေကြကြောင်း။

#Crd_DawWinWinMar