ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)
✅ ဝင်ရောက်ကြည့်ရှုပါ / ကြည့်ရှုပါ (Zoom + YouTube + Facebook + Telegram)

တိုက်ရိုက် – တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာ

🕗 အခ်ိန္ - 7:30 PM မှ 9:30 PM (MMT)

📌 မှတ်ချက်- Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ပါ။

📌ခန္ဓာငါးပါးပေါ်တွင်တရားရှာခြင်း
(ပစ္စယပရိဂ္ဂဟဉာဏ်)

🙏 ဘုရားသိစေချင်သောဖြစ်ပျက်အမှန်မှာခန္ဓာငါးပါးအပေါ်တွင်အကြောင်းအကျိုးဖြင့်သိမ်းဆည်းမြင်သောဖြစ်ပျက်မှသာဖြစ်ပျက်အမှန်ဖြစ်ကြောင်း။
🙏 ခန္ဓာငါးပါး လေးသည်ဘာကြောင့်ဖြစ်၍ဘာကြောင့်ပျက်ရသည်အားသိရန် လိုကြောင်းနှင့်ခန္ဓာငါးပါးလေးသည်ကံ၊စိတ်၊ဥတု၊အာဟာရအကြောင်းတရားလေးပါးကပြုပြင်ထောက်ပံ့ပေး၍ဖြစ်လာရခြင်းသဘောအားတစ်ပါးခြင်းအပေါ်တွင်ရှင်းလင်းဟောကြားခြင်း။
🙏 အတိတ်ကပြုခဲ့သောကုသိုလ်အကုသိုလ်ကံအကြောင်းတရားကြောင်ရ ရှိလာသောအကျိုးခန္ဓာကြီးအား အာဟာရ၊စိတ်၊ဥတုတို့ဖြင့်ပြုပြင်ပေးပုံအား ဟောကြား၍ တပါးပါးချို့ယွင်းလျှင်မုချသေနိုင်ကြောင်းအားဟောကြားခြင်း။
🙏 အကြောင်းတရားလေးပါးတွင်အာဟာရ၊စိတ်၊ဥတုတို့အားပြုပြင်ပေး၍ ရသော်လည်းပြုပြင်ပေး၍မရသော မသိနိုင်သော “ကံ” ၏အကြောင်း အား ရှင်းလင်းဟောကြား၍ကံဖြတ်လျှင်အချိန်မရွေးသေနိုင်ကြောင်းအားရှင်းလင်းဟောကြားခြင်း။

🙏 ကံအကြောင်းကြောင့်ရရှိလာသောအကျိုးခန္ဓာကြီးသည်ဖြစ်(မွေး/ရှင်)ပြီးသည်နှင်ပျက်(သေ)ရမည်မှာရုပ်နာမ်တို့၏သဘာဝတရားနိယာမတရားဖြစ်ကြောင်း။
🙏 ခန္ဓာငါးပါးတို့၏ဖြစ်(ရှင်)ခြင်းသည်ဇာတိ၊ပျက်(သေ)ခြင်းသည်မရဏသဘောအားဟောကြား၍ပျက်(သေ)ပြီးသော်လည်းမအေးသေးပဲရှင်စဉ်ကပြုခဲ့သောကုသိုလ်၊အကုသိုလ်ကံ သတ္တိအကြောင်းကြောင့်ဇာတိတစ်ဖန်ပြန်ရပုံ၊ဇာတိရလာလျှင်မရဏနှင့် တွေ့ရအုန်းမည်ဖြစ်ကြောင်း။

#Crd_DawWinWinMar