ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)

✅ ဝင်ရောက်ကြည့်ရှုပါ / ကြည့်ရှုပါ (Zoom + YouTube + Facebook + Telegram)

တိုက်ရိုက် – တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာ

🕗 အခ်ိန္ - 7:30 PM မှ 9:30 PM (MMT)

📌 မှတ်ချက်- Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ပါ။

{}ပစ္စယပရိဂ္ဂဟဉာဏ်
(အနိစ္စလက္ခဏာနှင့်ဒုက္ခလက္ခဏာ)

🙏 ခန္ဓာငါးပါးကြီးသည်အချိန်တိုင်းဖေါက်ပြန်‌နေသော သဘောခန္ဓာ့သဘာဝလက္ခဏာ မှကံဖြတ်လျှင်အချိန်မရွေးသေနိုင်သောမမြဲသည့်ခန္ဓာ့သဘောအားဉာဏ်မှမြင်လာခြင်းသည်သဘာဝလက္ခဏာမှသာမညလက္ခဏာဖြစ်သောအနိစ္စလက္ခဏာဆိုက်လာခြင်းဖြစ်ကြောင်း။
🙏 ခန္ဓာရလာခြင်းဇာတိဖြစ်လာခြင်းသည်နောက်ဆုံးတွင်ပျက်ရခြင်းမရဏသဘောအားဆိုက်ရောက်ရမည်ဖြစ်ကြောင်း၊ဖြစ်ပျက်ဆိုသည်မှာဇာတိမရဏသဘောဖြစ်ကြောင်းအားဟောကြားခြင်း။
🙏 ဖြစ်၊တည်၊ပျက်ကာလဖြစ်သော ဖြစ်(ဇာတိ)၊တည် (ဇရာနှင့်ဗျာတိ) ၊ပျက်(မရဏ) ဆိုသောကာလတွင်တည်ကာလဖြစ်သောဇရာနှင့်ဗျာတိကာလ၏ဒုက္ခဆင်းရဲခြင်းသဘောအားရှင်းလင်းဟောကြားခြင်း။
🙏 အချိန်တိုင်းဖေါက်ပြန်ပျက်စီးနေသောခန္ဓာကြီး၏ပျက်နေမှု့အား၊ပျက်သလောက်မပြုပြင်ပေးနိုင်ခြင်းကြောင့်အိုခြင်း၊နာခြင်းသဘောနှင့်လုံးဝမပြုပြင်ပေးနိုင်ချိန်တွင်သေခြင်းတရားသို့ရောက်ရှိနိုင်ပုံအားရှင်းလင်းဟောကြားခြင်း။
🙏 သေမည့်ခန္ဓာကြီး၊ ပြုပြင်ပေးနေရသောခန္ဓာကြီး၊မတင့်တယ်သောခန္ဓာကြီး၊ အချိန်တိုင်းပျက်နေသောအသုဘခန္ဓာကြီးအားပြုပြင်ပေးနေရသောဒုက္ခ၏သဘောအားရှင်းလင်းဟောကြားခြင်း။
🙏 သေမည့်ခန္ဓာကြီးအားပြုပြင်ပေးနေရသော်လည်းအိုနာသေဘေးမှမလွတ်သော ဆင်းရဲခြင်းဒုက္ခ၏သဘောအားဟောကြားခြင်း။
🙏 ခန္ဓာရတိုင်းအိုနာသေဘေးနှင့်သာရင်ဆိုင်နေရမည့်ဒုက္ခကြီးကြောင့်ခန္ဓာရခြင်းသည် ဒုက္ခသစ္စာရခြင်းသာဖြစ်ကြောင်းအားဟောကြားခြင်း။
🙏 နာကျင်ခြင်း၊ကိုက်ခဲခြင်း၊ယားယံခြင်းတို့သည်ဝေဒနာမဟုတ်ကြောင်း၊ဓါတ်ကြီးလေးပါးဖေါက်ပြန်ခြင်းသာဖြစ်ကြောင်းနှင့်၎င်းဖေါက်ပြန်နေသောဝေဒနာအပေါ်မှဖြစ်ပေါ်လာသောခံစားမှု့သုခဝေဒနာ၊ဒုက္ခဝေဒနာ၊ဥပေက္ခာဝေဒနာသည်သာဝေဒနာ အစစ်အမှန်ဖြစ်ကြောင်းအားဟောကြားခြင်း။

#Crd_DawWinWinMar