ဆရာတော် အရှင်ပညာစက္က — ဗုဒ္ဓအလိုကျဝိပဿနာ
လစဉ် (၁၀) ရက် ဝိပဿနာတရားစခန်း (Online)
✅ ဝင်ရောက်ကြည့်ရှုပါ / ကြည့်ရှုပါ (Zoom + YouTube + Facebook + Telegram)
တိုက်ရိုက် – တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာ
🕗 အခ်ိန္ - 7:30 PM မှ 9:30 PM (MMT)
📌 မှတ်ချက်- Zoom Meeting ID / Passcode နှင့် Live updates များကို Live page ထဲတွင် အမြဲတမ်း update လုပ်ပါ။
📌 ပရိညာသုံးပါးဖြင့်ရှုမှတ်ရပုံ
📌 ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာများအားဖယ်ရှားပေးခြင်း
📌 သင်္ခါရုပေက္ခာဉာဏ်ကြီးကြောင့်အပယ်မကျနိုင်ပုံ
ယောဂီ၏လျှောက်ထားမှုအပေါ်မှပညတ်များကွာ၍ရုပ်နာမ်သာအရှိတရားဖြစ်ကြောင်းအားဉာဏ်မှသိရှိလာခြင်းသည်ဒိဋ္ဌိကွာလာခြင်းကြောင့်ဖြစ်ကြောင်းအားဟောကြားခြင်း။
🙏 ပရိညာသုံးပါးဖြစ်သောဉာတပရိညာ၊တီရဏပရိညာ၊ပဟာနပရိညာအားတပါးခြင်းအပေါ်ဆက်နွယ်၍ကျင့်ကြံရပုံအားဟောကြားခြင်း။
🙏 အသိဖြင့်အရင်ဖြုတ်ဆိုသောဉာတပရိညာ၏သဘောအမှန်မှာစာအသိသုတအသိမှခန္ဓာဉာဏ်ရောက်ပိုင်းပိုင်းခြားခြားသိသောပရမတ်အသိမှသာ ဉာတပရိညာအသိ အမှန်ဖြစ်ကြောင်း။
🙏 အကြောင်းအကျိုးဆက်စပ်ရှုမှတ်မှသာ ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့်မရှု့မှတ်မသိရှိ ပါဘဲနှင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်အားသိရှိနိုင်မည်မဟုတ်ကြောင်းအားဟောကြားခြင်း။
🙏 မုချသေရမည့်ခန္ဓာငါးပါးကြီး၏မမြဲခြင်းသဘောအားဉာဏ်မှထင်ရှားလာသည်နှင့်မိမိကိုယ်ကိုခိုင်တယ်မြဲတယ်ဟုထင်နေသောသဿတဒိဋ္ဌိအယူ များကင်းစင်လာပြီ ဖြစ်ကြောင်း။
*သေပြီးသော်လည်းမအေးသေးပဲရှင်စဉ်ကပြုခဲ့သောကုသိုလ်အကုသိုလ်ကံသတ္တိများအားအကြောင်းပြုခဲ့ခြင်းကြောင့်အကျိုးခန္ဓာတခုပြန်ရအုန်းမည်ဖြစ်ခြင်းကြောင့်သေပြီးလျှင်ပြတ်ပြီစဲပြီဟူသောဥစ္ဆေဒဒိဋ္ဌိအယူကင်းစင်လာပြီဖြစ်ကြောင်း။
🙏 ရုပ်နှင့်နာမ်သာလျှင်အရှိတရားဖြစ်ကြောင်းအသက်လိပ်ပြာဝိဉာဉ်မရှိကြောင်းအားသံသယဝိစိကိစ္ဆာများကင်းစေရန်ရှင်းလင်းဟောကြားခြင်း။
🙏 ရုပ်နာမ်ဓမ္မသင်္ခါရတရားများအားလစ်လျူရှု့၍ ရှုမှတ်နိုင်သောသင်္ခါရုပေက္ခာ ဉာဏ်ကြီးကြောင့်အပယ်မကျနိုင်ပုံအားရှင်းလင်းဟောကြားခြင်း။
🙏 အရှိခန္ဓာပေါ်မှသောတာပန်၊သကဒါဂါမ်၊အနာဂါမ်ဉာဏ်အဆင့်ဆင့်၏ဒိဋ္ဌိကိုအဆင့်ဆင့်ဖြုတ်ရကြောင်းအားရှင်းလင်းဟောကြားခြင်း။
#Crd_DawWinWinMar